Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 57 — Surah Al-Baqarah 2:57

(ခိုလှုံစရာနှင့်အစားအသောက်မပါဘဲ သဲကန္တာရထဲ၌ အသက်ရှင်ရပ်တည်နိုင်ရန် မဖြစ်နိုင်သောကြောင့်) ငါအရှင်မြတ်သည် (မိုးတိမ်များကို သင်တို့အပေါ်တွင် အရိပ်အာဝါသပေးရန် တာဝန်ပေးခဲ့ကြောင်း သင်တို့ရှင်း လင်းထင်ရှားစွာ တွေ့မြင်ခဲ့ကြပြီဖြစ်သည့်အတိုင်း) သင်တို့အား မိုးတိမ်များဖြင့် အရိပ်ပေးတော်မူပြီး မန္နမည်သော စားဖွယ်ရာနှင့်ငုံးငှက်များကိုချပေးတော်မူခဲ့၏။ ငါအရှင်မြတ်က ထောက်ပံ့ပေးတော်မူသည့် ရိက္ခာမှ (ကျန်းမာရေးနှင့်ညီညွတ်ပြီး ကောင်းကျိုးပေးရုံမက တရားတော်နှင့်လည်းကိုက်ညီသော) သန့်ရှင်းစင်ကြယ်ရာ (အစား အသောက်) ကို စားသုံးကြလော့။ ယင်းပြင် (အစားအသောက်ဆိုင်ရာ အမိန့်ညွန်ကြားချက်များကို မနာခံငြင်း ဆန်လျက် ဥပဒေချိုးဖောက်ခြင်းဖြင့်) သူတို့က ငါအရှင်မြတ်ကို နစ်နာစေနိုင်မည် မဟုတ်ပေ။ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သောစိတ်ဝိဉာဉ်) တို့ကို အလွဲသုံးစားလုပ်၍ မမှန်မကန် လုပ်ဆောင်နိုင်ကြမည်သာ ဖြစ်၏။