Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 58 — Surah Al-Baqarah 2:58

(ထိုအချိန်ကို သတိရကြလော့) ငါအရှင်မြတ်က “ဤမြို့ရွာ (နယ်မြေဒေသ) သို့ ဝင်ရောက်၍ ဆန္ဒရှိသော နေရာတိုင်း၌ အားရကျေနပ်သည်အထိ (သစ်သီးဝလံများကို ဖော့ဖော့သီသီ) စားသုံးကြလော့။ (ကွဲပြားသော လမ်းကြောင်းများမှ မြို့နေလူတို့အား လုယက်ယူငင်၊ ချေမုန်းသုတ်သင်လိုသော ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ တရားဝင်) မြို့တံခါးပေါက်မှ အရှင်မြတ်ကို နာခံမှုအပြည့်ဖြင့် ကျိုးနွံစွာ (ဦးချလျက်) ဝင်ကြလော့။ အရှင့်ပေါ် သစ္စာရှိစွာဖြင့် (ကျွန်ုပ်တို့၏အပြစ်ဝန်ထုပ်ကြီးကို ဖယ်ရှားပေးတော်မူပါ။""ဟု) သင်တို့၏အပြစ်များအတွက် လွှတ်ငြိမ်း ချမ်းသာခွင့်ကို အသနားခံ လျှောက်တင်ကြလော့။ ငါအရှင်မြတ်သည် သင်တို့၏မှားယွင်းချွတ်ချော်မှုများကို ခွင့် လွှတ်တော်မူမည်။ (ကောင်းမှုပြုရန် မြုပ်နှံလျက် အရှင်မြတ်မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့်) အကောင်းဆုံးပြုမူဆောင်ရွက်သူတို့၏အကျိုးဆုလဒ်ကို ဆထက်ထမ်းပိုးတိုး၍ ပေးတော်မူမည်။” ဟု မိန့်တော်မူခဲ့၏။