Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 60 — Surah Al-Baqarah 2:60

(သတိရကြလော့။ တမန်တော်) မူဆာက သူ့လူမျိုးများအတွက် (သဲကန္တာရ၌ ရေမရှိဘဲ ဆာလောင်နေစဉ်) သောက်သုံးရေရရှိရန် ဆုတောင်းသည့်အခါ ငါအရှင်မြတ်က “သင့်တောင်ဝှေးဖြင့် ကျောက်တုံးကို ရိုက်လော့။” ဟု မိန့်တော်မူ၍ (ရိုက်သည်နှင့်တစ်ပြိုင်နက်တည်း) စိမ့်စမ်းရေ ဆယ့်နှစ်သွယ်သည် စီးထွက်လာခဲ့၏။ အုပ်စုတိုင်းက သူတို့ သောက်သုံးရမည့်နေရာကို သိထားခဲ့ကြပြီ။ အလ္လာဟ်အရှင်မြတ်၏ရိက္ခာများမှ စားကြ၊ သောက်ကြလော့။ ကမ္ဘာမြေပေါ်၌ ငြိမ်းချမ်းရေးပျက်ပြားစေမည့်လုပ်ရပ်များဖြင့် သွားလာလှုပ်ရှားလျက် အဖျက်အမှောင့် မပြုလုပ်ကြလေနှင့်။” (ဟု မိန့်တော်မူခဲ့၏။)