Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 61 — Surah Al-Baqarah 2:61
(ပြန်သတိရကြလော့။) သင်တို့က “အို၊ မူဆာ၊ ကျွန်ုပ်တို့သည် အစာတစ်မျိုးတည်းဖြင့် သည်းမခံ၊ မရပ်တည် နိုင်ပါ၊ ကျွန်ုပ်တို့အတွက် မြေမှထွက်သော ဟင်းသီး၊ သခွား၊ ဂျုံ ၊ ပဲ၊ ကြက်သွန်များ ပေါက်ရောက်စေရန် အသင့်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံ ဆုတောင်းပါလော့။” ဟု ပြောခဲ့သည့် အခါ (တမန်တော်) မူဆာက “သင်တို့သည် ပိုကောင်းသောအရာကို ပိုညံ့သည့်အရာဖြင့် လှဲလှယ်ကြမည်လော။ သို့ဆိုလျှင် (တစ်မြို့မြို့ သို့မဟုတ်) မြို့တော်ဘက်သို့ ဆင်းသွားကြလော့။ သို့မှသာ သင်တို့ တောင်းဆိုသည်ကို (ယင်းမြို့၌) မုချပင် ရနိုင်လိမ့်မည်။” ဟု တုံ့ပြန်ပြောဆိုခဲ့သည်။ ထို့နောက်တွင်မှ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော (ကတိကဝတ်ဆိုင်ရာ) နှောင်ကြိုးနှင့်လူတို့ကြား၌ထားရှိသော နှောင်ကြိုးများမှအပ သူတို့အား တွေ့မြင်ခြင်းခံရသည့်နေရာတိုင်း၌ အလ္လာဟ်အရှင်မြတ်ထံတော်မှ သူတို့အပေါ် အမျက်တော်၊ (ပြစ်ဒဏ် နှင့်ပြစ်တင်ရှံ့ချမှု) စူးရှခြင်းခံကြရပြီး (လူပုံအလယ်တွင်) အရှက်ကွဲခံရခြင်း၊ (ညှင်းပန်းနှိပ်စက်မှုဒဏ်နှင့်သွားလာလှုပ်ရှားမှု ပိတ်ပင်တားဆီးခြင်းခံရခြင်း တို့ကြောင့်) ဒုက္ခအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း (စသောစိတ် ဆင်းရဲမှု) တို့ စုပြုံကျရောက်စေတော်မူလျက် သိက္ခာချခြင်းခံခဲ့ရကြောင်းကိုသာ တွေ့မြင်ရ၏။ ထိုသို့ ဖြစ်ရခြင်း (၏အကြောင်းရင်း) မှာ အလ္လာဟ်အရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းဆန်ခြင်း နှင့်နဗီတမန်တော်များအား (တမန်တော်တို့၏အခွင့်အရေးနှင့်အမှန်တရားအားလုံးကို ဆန့်ကျင်လျက် သစ္စာမဲ့စွာ ဖြင့်) မတရားသတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ ထိုသို့ဖြစ်ခြင်းသည် သူတို့၏အာခံဖီဆန်မှုနှင့်စည်းမျဉ်း ချိုးဖောက်မှုတို့ကြောင့်ပင် ဖြစ်၏။