Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 62 — Surah Al-Baqarah 2:62
(အမှန်တရားက ဂျူးတို့ အခိုင်အမာပြောဆိုနေသကဲ့သို့မဟုတ်) ယုံကြည်သူများ (မွတ်စလင်အဖြစ်နှင့်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သူများ) ၊ ဂျူးအဖြစ်ကြွေးကြော်သူများ၊ ခရစ်ယာန်များနှင့် (တမန်တော်ခေတ်မတိုင်မီ အခြားယုံကြည်မှုအယူဝါဒများကို ယုံကြည်ခဲ့ကြသော) ဆွာဗအီန်များ၊ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ယုံကြည်ပြီး မှန်ကန်သည့်ပြုမူကျင့်ကြံမှုများလုပ်ဆောင်၍ ဘဝဆောက်တည်ကြလျှင် သူတို့အတွက် သူတို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အကျိုးဆုလဒ်များ ရှိ၏။ သူတို့သည် စိုးရိမ်ကြောင့်ကြရမည်မဟုတ်သည်မှာ အသေအချာပင် ဖြစ်၏။ ထို့ပြင် ပူဆွေးသောကလည်း ရောက်ကြရမည် မဟုတ်ချေ။