Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 63 — Surah Al-Baqarah 2:63
(သတိရကြလော့။) ငါအရှင်မြတ်သည် သင်တို့ထံမှ (အမိန့်ပညတ်ချက်နှင့်အညီလိုက်နာမည်ဟူသော) ကတိ ခံဝန်ချက်ကိုရယူတော်မူ၍ (သိန) တောင်တော်ကို (မျှော်စင် ဖြစ်စေလျက်) သင်တို့အပေါ်သို့ (ဗျာဒိတ်တော်ပေးအပ်၍ ဂုဏ်ပေးခြင်းဖြင့်) မြှောက်ပင့်တော်မူပြီး၊ “ငါအရှင်မြတ် ထုတ်ပြန်ချမှတ်ပေးအပ်ရာကို မြဲမြံစွာဆုပ်ကိုင်ကြလော့။ ယင်း (ကျမ်းတော်) ၌ ပါရှိသော အမိန့်ပညတ်ချက်များနှင့်လမ်းညွှန်ချက်များကို (သတိရ ကျင့်သုံးနိုင်ရန်) သင်ယူလေ့လာကြလော့။ သို့မှသာ (အရှင့်လမ်းစဉ်နှင့်အရှင့်အကာအကွယ်ကို ရစေမည့်) မွတ္တကီ (ခေါ် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့်နာခံလိုက်နာကြသူ) များဖြစ်ကြမည်။” (ဟု မိန့်တော်မူ၏။ လောကီနှင့်တမလွန်၌ အကျိုးဆက်အဖြစ် ခံစားရမည့် ပြစ်ဒဏ်မှ လွတ်မြောက်ရန် သွေဖည်မှု အားလုံးကို ရှောင်ကြဉ်ရန်ဖြစ်၏။)