Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 66 — Surah Al-Baqarah 2:66

ငါအရှင်မြတ်သည် သူတို့၏မျိုးဆက်များနှင့်သူတို့၏နောက်လိုက်များ (နောင်လာနောင်သားများ) အတွက် အလွန်သံဝေဂရဖွယ် (ဘေးဒုက္ခ) စံနမူနာတစ်ခု အဖြစ်လည်းကောင်း၊ မွတ္တကီ (ခေါ်အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကျင့်သုံးသူ) တို့အတွက် အမိန့်ညွှန်ကြားချက်နှင့် (ဆုံးမဩဝါဒ) လမ်းညွှန်တော်အဖြစ်လည်းကောင်း၊ ပြုလုပ်တော်မူ၏။