Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 67 — Surah Al-Baqarah 2:67

(သတိရကြလော့။ တမန်တော်) မူဆာက သူ့လူမျိုးများအား “အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် နွားမတစ်ကောင်ကို စွန့်လှူလှီးဖြတ်ရန် အမိန့်ပေးတော်မူ၏။” ဟု ပြောခဲ့စဉ် သူတို့က “ကျွန်ုပ်တို့ကို နောက်ပြောင်နေသလော။” ဟု တုံ့ပြန်ပြောဆိုခဲ့ကြ၏။ (တမန်တော်) မူဆာက “ကျွန်ုပ်သည် (တစ်ဦးတစ်ယောက်ကို နောက်ပြောင်ခြင်းဖြင့် မသိနားမလည်သော) ပညာမဲ့တို့အနက်မှ ဖြစ်မည်စိုး၍ အလ္လာဟ်အရှင်မြတ်ထံတော်ပါး ၌ ခိုလှုံပါ၏။” ဟု တုံ့ပြန်ဖြေခဲ့လေသည်။