Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 74 — Surah Al-Baqarah 2:74

ထို့နောက်၊ နောက်ပိုင်းတွင် သင်တို့၏နှလုံးသားများသည် ခက်ထန် မာကျောလာလေ၏။ ယင်းသည် ကျောက်တုံးပမာ သို့မဟုတ် ထိုထက်မက ခက်ထန်မာကျောလေ၏။ အမှန်ပင် ကျောက်တုံးများအနက် စမ်း ချောင်းရေများ စီးထွက်သည်လည်း ရှိ၏။ ယင်းတို့အနက် အက်ကွဲ၍ ရေများ စိမ့်ယိုသည်လည်း မုချပင် ရှိသည့်အပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ ပြိုဆင်းကျသည်လည်း ရှိ၏။ အလ္လာဟ်အရှင်မြတ်သည် သင်တို့ ပြုမူဆောင် ရွက်သမျှကို သတိမမူ မေ့လျော့ထားသည်လည်း မဟုတ်ပေ။