Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 75 — Surah Al-Baqarah 2:75

(အို၊ ယုံကြည်သူအပေါင်းတို့၊ သူတို့၏နှလုံးသားများ ခက်ထန်မာကျောပြီး အရှင့်အပေါ် သစ္စာမဲ့ခြင်းကြောင့်) သင်တို့ (၏ကျမ်းတော်၊ တမန်တော်နှင့်အစ္စလာမ်) ကို ယုံကြည်လိမ့်မည်ဟု သင်တို့ မျှော်လင့် နေကြသလော။ သူတို့အနက်မှ အုပ်စုတစ်စုသည် အလ္လာဟ်အရှင်မြတ်၏မုက္ခပါဌ်တော် (စကားတော်) များကို ကြားနာပြီးနောက် အတွေးအခေါ်ရှိပါလျှက်၊ (သိနားလည်ပါလျှက်) ယင်းကို (လိုရာ ဆွဲ၍) လွှဲပြောင်း ပြောဆိုခဲ့ကြ၏။