Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 76 — Surah Al-Baqarah 2:76

သူတို့သည် ယုံကြည်သူများနှင့်တွေ့ဆုံလျှင် (သူတော်ကောင်းဟန်ဆောင်လျှက်) “ကျွန်ုပ်တို့သည် (သင်တို့ ယုံကြည်သကဲ့သို့) ယုံကြည်ပါသည်။” ဟု ပြောဆိုကြပြီး သူတို့အချင်းချင်း သီးသန့်စုမိသောအခါ “သင်တို့အား အလ္လာဟ်အရှင်မြတ်က ထုတ်ဖော်ထားတော်မူသည်ကို ဆင့်ပြန်လိုက်သလော။ သူတို့က (တမလွန်တရားစီရင် မည့်နေ့တွင်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် သင်တို့နှင့်ဆန့်ကျင်၍ ယင်းအား ချေပချက်အဖြစ် အသုံးပြုနိုင်သည်” ဟုပြောကြသည်။ သင်တို့ အတွေးအခေါ် မရှိကြသလော။