Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 83 — Surah Al-Baqarah 2:83
ထို့ပြင် (သတိရကြလော့။) ငါအရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်များထံမှ အလ္လာဟ်အရှင်မြတ်မှအပ မည်သည့်အရာကိုမျှ ခဝပ်နာခံကိုးကွယ်ခြင်းမပြုရန်၊ မိဘအရင်းများအား အကောင်းဆုံးပြုမူပြောဆို ဆက်ဆံရန်၊ သွေးချင်းနီးစပ်သော ဆွေမျိုးများ၊ မိဘမဲ့များနှင့်နွမ်းပါးသော ခိုကိုးရာမဲ့များအပေါ် ကြင်နာစွာ ပြောဆိုဆက်ဆံရန်၊ လူသားအပေါင်းအား ကောင်းမွန်စွာ ပြောဆိုဆက်ဆံရန်၊ ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြရန်နှင့်ဇကာသ် (ခေါ် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် စွန့်လှူရသည့် လူမှုဖူလုံကြေးကို) ပေးဆောင်ကြရန် ကတိရယူတော်မူခဲ့၏။ ထို့နောက် သင်တို့အနက် အနည်းငယ်မှအပ (ကျန်အား လုံးသည်) သွေဖယ်လှည့်သွားကြလေ၏။ သင်တို့သည် သင်တို့၏တာဝန်ဝတ္တရားများနှင့်တရားဝင် ကတိကဝတ် များကို အမှန်ပင် အစဉ်အမြဲ ရှောင်ကြဉ်ပျက်ကွက်သူများ ဖြစ်ကြသည်။