Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 84 — Surah Al-Baqarah 2:84
ထို့ပြင် (သတိရကြလော့၊) ငါအရှင်မြတ်သည် သင်တို့ထံမှ အချင်းချင်းကြား သွေးထွက်သံယိုမပြုကြရန်နှင့် သင်တို့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အလွဲသုံးစားပြုလျက် တစ်ဦးကိုတစ်ဦး သင်တို့၏နေထိုင်ရာ အိုးအိမ်မြို့ရွာ ဒေသများမှ နှင်ထုတ်ခြင်းမပြုကြရန် ကတိပဋိညာဉ်ကို ယူခဲ့စဉ် သင်တို့က (ကတိတည်မည် ဟု) ဝန်ခံအတည် ပြုခဲ့ကြပြီး (ယနေ့အထိ) သင်တို့ကိုယ်တိုင် အသိသက်သေများ ဖြစ်ကြလေသည်။