Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 85 — Surah Al-Baqarah 2:85
ထို့နောက် သင်တို့သည် သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သင်တို့၏အလိုရမ္မက်အတွက် အသုံးချ၍ အချင်းချင်း သတ်ဖြတ်ကြပြီး သင်တို့အနက်မှ လူတစ်စုကိုလည်း သူတို့၏အိုးအိမ်မြို့ရွာများမှ နှင်ထုတ်ခဲ့ကြ၏။ သူတို့နှင့်ဆန့်ကျင်၍ မတရားမှုနှင့်ရန်လိုမုန်းတီးမှုတို့တွင် ပူးပေါင်းကြံစည်ခဲ့ကြ၏။ သင်တို့ထံ သုံ့ပန်း အဖြစ် (အဖမ်းခံလျက်) ရောက်လာကြလျှင်လည်း (ထိုသုံ့ပန်းများဖြစ်သော) သူတို့ထံမှ လျော်ကြေး (မည်ရွေ့ မည်မျှပေးမှ ပြန်လွှတ်မည်ဟု) တောင်းဆိုခဲ့ကြ၏။ သူတို့အား နှင်ထုတ်ခြင်းမှာ တရားတော်အရ သင်တို့အတွက် တရားမဝင်ပေ။ သင်တို့သည် (အသိတရားမဲ့သူများပမာ) ကျမ်းတော်မှ တစ်ချို့ကို ယုံကြည်၍ တစ်ချို့ကို ဖီဆန်ငြင်းပယ်ဖုံးကွယ်ကြလေသလော။ သင်တို့အနက်မှ ထိုသို့ ပြုမူကျင့်ကြံဆောင်ရွက်သူတို့၏ အကျိုးဆုလဒ်မှာ ဤလောကီသက်တမ်း၌ အရှက်သိက္ခာမဲ့ခြင်းမှအပ အခြား အဘယ်တုံ့ပြန်မှုမျိုး ဖြစ်နိုင် အံ့နည်း။ နောင်တမလွန် တရားစီရင်မည့်နေ့တွင်လည်း ပိုမို၍ ပြင်းထန်သော ပြစ်ဒဏ်ကို ခံစားကြရဦးမည်။ စင်စစ်၊ အလ္လာဟ်အရှင် မြတ်သည် သင်တို့ ပြုမူဆောင်ရွက်သမျှမှ မည်သည့်အရာကိုမျှ ဥပေက္ခာပြု မေ့လျော့ထားတော်မူသည် မဟုတ်ပေ။