Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 86 — Surah Al-Baqarah 2:86
ဤပုဂ္ဂိုလ်များသည် လောကီသက်တမ်းအား နောင်တမလွန်ဘဝဖြင့် လဲလှယ်ရောင်းဝယ်သူများ (တမလွန် တွင်ရရှိမည့် အကျိုးဆုလဒ်များအစား လောကီအလိုဆန္ဒနှင့်ရည်မှန်းချက်များကို ဦးစားပေးသူများ) ဖြစ်ကြပြီး အကျိုးဆက်အနေဖြင့် သူတို့နှင့်စပ်လျဉ်း၍ ပြစ်ဒဏ်များမှာ ပေါ့ပါးသက်သာစေမည် မဟုတ်ပေ။ ကယ်တင် ကူညီခြင်းလည်းခံကြရမည်မဟုတ်ပေ။ (လောကီဘဝ၌ မမှန်မကန်ကြားဝင်စေ့စပ်ခြင်း၊ လာဘ်ပေးလာဘ်ယူခြင်း၊ ဩဇာအာဏာကို အလွှဲသုံးစားပြုခြင်း စသည့်နည်းများဖြင့် ပြစ်ဒဏ်မှ ကင်းလွှတ်နိုင်သော်လည်း တမလွန်တွင်မူ ထိုသို့သောနည်းများကို အသုံးမချနိုင်ပေ။)