Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 87 — Surah Al-Baqarah 2:87
မုချဧကန်၊ ငါအရှင်မြတ်သည် (တမန်တော်) မူဆာအား ကျမ်းတော်ကို ချမှတ်ပေးအပ်တော်မူခဲ့၏။ သူ့ နောက်တွင်လည်း ရစူလ်တမန်တော်များကို စဉ်ဆက်မပြတ် စေလွှတ်တော်မူခဲ့သည်။ (တမန်တော်မူဆာ၏လမ်း စဉ်အတိုင်း ဖဝါးခြေထပ် ထပ်ကြပ်မကွာ လိုက်နာလျက် ကျမ်းတော်နှင့်အညီ စီရင်ဆုံးဖြတ်ကြပြီး သူ့ကိုဆက်ခံ သော တမန်တော်များအား လမ်းညွှန်နှင့်လမ်းပြမရှိဘဲ သူတို့ကို လုံးဝ ပစ်ထားခြင်းလည်း မရှိခဲ့ပေ)။ ထို့ပြင် မရ်ယမ်၏သား (တမန်တော်) အီစာ (ယေရှု) အားလည်း အမှန်တရားကို သိမြင်စေမည့် ထင်ရှားသော သက်သေလက္ခဏာတော်များ ပေးအပ်တော်မူ၍ မြင့်မြတ်သော ဝိညာဉ်တော်ဖြင့် အားဖြည်းစေတော်မူခဲ့၏။ ရစူလ်တမန် တော်တစ်ပါးပါး သင်တို့ထံရောက်လာသည့်အခါတိုင်း သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထား သော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို သင်တို့၏စိတ်အလိုရမ္မက်များနှင့်အညီ အသုံးချ၍ သင်တို့မာနတက်ခဲ့ကြသည် မဟုတ်လော။ အချို့ (တမန်တော်များ) ကို လိမ်လည်သူဟု စွပ်စွဲလျက် ငြင်းဆန်၍ အချို့ကိုမူ သတ်ခဲ့ကြပြီ မဟုတ်လော။