Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 88 — Surah Al-Baqarah 2:88
(အရှင့်ထံတော်မှ ကျေးဇူးတော်များ၊ လမ်းညွှန်တော်များ၊ ကရုဏာတော်၊ အကြင်နာတော်နှင့်အမှန်တရားများကို သိမြင်လျှက် ရရှိခံစားခဲ့ကြသော်လည်း ယုံကြည်ရန်ငြင်းဆန်ပြီး အသင်တမန်တော်၏လမ်းညွှန်မှုသည် ကျွန်ုပ်တို့အတွက် လိုအပ်မည်လော့။” ဟု လှောင်ပြောင်ကာ မေးခွန်းထုတ်ခဲ့ကြ၏။ တမန်တော်၏လမ်းညွှန်မှုများ သည် သူတို့အပေါ် အကျိုးမသက်ရောက်ကြောင်း သိသာစေရန်) သူတို့က “ကျွန်ုပ်တို့၏နှလုံးသားများကို ပိတ်ထားပြီးပြီ။”ဟု ပြောဆိုကြ၏။ (စာနာစိတ်ကင်းမဲ့သူများဖြစ်၍ ယုံကြည်နိုင်စွမ်း မရှိကြပေ)။ အမှန်မှာ သူတို့၏မယုံကြည်မှု (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်း ဆန်ဖုံးကွယ်မှု) ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့အား အရှင့်မေတ္တာ၊ ကရုဏာနှင့်အကြင်နာတော်မှ ဝေးကွာစေတော်မူခြင်းသာ ဖြစ်၏။ (သူတို့၏နှလုံးသား၊ အကြား အမြင်နှင့်အတွေးအခေါ်များကို အမှောင်ချခံထားလိုက်ရပြီး) သူတို့၏ယုံကြည်မှုမှာလည်း မပြောပလောက်သော အနည်းငယ်မျှသာ ရှိသည်။ (အမှန်တရားများအနက် အနည်းအကျဉ်းကိုသာ သူတို့လက်ခံကြသည်။)