Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 89 — Surah Al-Baqarah 2:89

ယခင်က (ဂျူးလူမျိုးဖြစ်ကြသော) သူတို့သည် မယုံကြည်သူများအပေါ် အနိုင်ရရှိရန်ဆုတောင်းခဲ့ပြီး (ကျွန်ုပ် တို့၏နောက်ဆုံးတမန်တော် ရောက်လာသည့်အခါတွင် သူ့ဦးဆောင်မှုအောက်၌ ကျွန်ုပ်တို့က အနိုင်ရရှိလိမ့်မည်။” ဟု မျှော်လင့်ခဲ့သော်လည်း၊ အလ္လာဟ်အရှင်မြတ်၏ထံတော်မှ သူတို့နှင့်အတူရှိသောအရာ (ကျမ်းစာ) အား မှန်၊ မမှန် အတည်ပြုပေးသည့် ကျမ်းတော်တစ်စောင်သည် သူတို့ထံ ရောက်ရှိစေခြင်းခံရသောအခါ၊ သူတို့သည် သူတို့ထံ ရောက်လာသည့်အရာ (အရှင့် အာယသ်သက်သေလက္ခဏာတော်များ) ကို (သူတို့၏သားသမီးအရင်းအ ချာများအား သိသကဲ့သို့ သိနားလည်၍) အသိအမှတ်ပြုသော်ငြားလည်း ယင်း (ကျမ်းတော်) ကို မယုံကြည်သွေ ဖည်ငြင်းဆန်ခဲ့ကြသည်။ သို့ဖြစ်ရာ၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အား အရှင့်မေတ္တာ၊ ကရုဏာနှင့်အကြင်နာတော်တို့မှ ဝေးကွာစေတော်မူ၏။