Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 90 — Surah Al-Baqarah 2:90

အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံများအနက် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအပေါ်၌သာ အရှင့်ကျေးဇူးတော်အဖြစ် ထုတ်ပြန်ချပေးအပ်တော်မူသောအရာ (ကျမ်းတော်) ကို အလ္လာဟ်အရှင်မြတ်ချပေးတော်မူသောကြောင့် မနာလိုဝန်တိုလက် မယုံကြည် (ငြင်းဆန်ဖုံးကွယ်ကြ) ရန်၊ သူတို့ ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များကို အလွဲသုံးစားပြု၍ လဲလှယ်ဝယ်ယူလိုက်သောအရာသည် အလွန်ပင် ယုတ်ညံ့ရွံ့ရှာဖွယ်ရာ မကောင်းမှုဖြစ်၏။ အရှင့်အမျက်တော်အပေါ် အမျက်တော်ထပ်၍ သူတို့အပေါ် စူးရှခြင်းခံရအောင် သူတို့ကိုယ်တိုင် ဆွဲဆောင်ဖန်တီးကြ၏။ သို့ဖြစ်ရာ၊ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် သိက္ခာမဲ့စေသည့် (ပြစ်တင်ရှုံ့ချမှုနှင့်) ပြစ်ဒဏ် ရှိပေ၏။