Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 2 - Al-Baqarah
Translation by Alin U Yin — Permalink
Verse 91 — Surah Al-Baqarah 2:91
အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချပေးအပ်တော်မူသောအရာ (တမန်တော်မုဟမ္မဒ်အပေါ်ချပေးသော ကျမ်း မြတ်ကုရ်အာန်) ၌ ယုံကြည်ကြရန် ပြောဆိုခဲ့စဉ် သူတို့က “ကျွန်ုပ်တို့အပေါ် ချမှတ်ပေးအပ်ခြင်းခံရသော အရာ၌သာ ယုံကြည်၏။ ထိုထက်ပို၍ (အခြားမည်သည့်အရာကိုမျှ) မယုံကြည်ကြပါ။” ဟု တုံ့ပြန်ပြောခဲ့ကြပြီး သူတို့ လက်ဝယ်၌ ရှိနေသောအရာ (ကျမ်းစာ) အား မှန်၊ မမှန်အတည်ပြုပေးသည့် အမှန်တရားသစ္စာ (ကုန်အာန်ကျမ်း တော်) ကို ငြင်းဆန်ဖုံးကွယ်ကြလေသည်။ “သင်တို့သည် စစ်မှန်သော ယုံကြည်သူများ ဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်၏ယခင်နဗီတမန်တော်များကို အဘယ်ကြောင့် သတ်ခဲ့ကြသနည်း။” ဟု (သူတို့အား) မေးမြန်းလော့။