Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 93 — Surah Al-Baqarah 2:93

ငါအရှင်မြတ်သည် သင်တို့ထံမှ (အမိန့်ပညတ်ချက်နှင့်အညီလိုက်နာပါမည်ဟူသော) ကတိခံဝန်ချက် ကိုရယူ တော်မူ၍ သင်တို့အပေါ်သို့ (သိန) တောင်တော်အား (တာဝါမျှော်စင်ပမာ ဖြစ်စေလျှက်) ဂုဏ်ပေးခဲ့ပြီး၊ “ငါအရှင် မြတ်က ထုတ်ပြန်ချမှတ်ပေးအပ်ရာကို မြဲမြံစွာ ဆုပ်ကိုင်ကြလော့၊ နာယူကြလော့။”ဟု မိန့်တော်မူခဲ့စဉ် သူတို့က “ကျွန်ုပ်တို့ ကြားနာပါ၏၊ သို့သော် မနာခံနိုင်ပါ။” ဟု ပြောဆိုခဲ့ကြ၏။ သို့ဖြစ်ရာ သူတို့၏မယုံကြည်ငြင်းပယ်မှု ကြောင့် နွားငယ်အား သူတို့၏နှလုံးသား (ဆင်ခြင်တုံတရားနှင့်တွေးတော်ဆင်ခြင်ဉာဏ်) များထဲတွင် တည့်သွင်း နေရာပေးလျက် နှလုံးသွေးကို သောက်စေခဲ့၏။ (ထိုအခါ သူတို့၏မေတ္တာ၊ အကြင်နာ၊ ကရုဏာ၊ စေတနာ၊ တွေး ခေါ်ဆင်ခြင် နားလည်နိုင်စွမ်း၊ အမှန်တရားကို ယုံကြည်လက်ခံ နိုင်စွမ်း အားလုံး၌ သူတို့ လက်ဖြင့်လုပ်ထားသော နွားငယ်၏အယူအဆများ လွှမ်းမိုးသွားလေ၏။) သင်တို့သည် စစ်မှန်သောယုံကြည်သူများ ဖြစ်ကြလျှင် သင်တို့၏ ယုံကြည်မှုက ယင်း (နွားငယ်) ကို ယုံကြည်ရန် အမိန့်ပေးတိုက်တွန်းခြင်းသည် အလွန်ပင် ယုတ်ညံ့ရွံ့ရှာဖွယ်ရာ မကောင်းမှု ဖြစ်ကြောင်း” ဟောပြောလော့။