Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 96 — Surah Al-Baqarah 2:96

လူသားတို့အနက်မှ သူတို့သည် အသက်ရှင်သန်ရပ်တည်ရန် လောဘအကြီးဆုံးဖြစ်ကြောင်း၊ မယုံကြည် သူများထက်ပင် ပိုမို၍ လောဘကြီးနေကြောင်း အသင် မုချပင် တွေ့ရလိမ့်မည်။ သူတို့အထဲ၌ တစ်ဦးချင်းစီက သက်တမ်းမှာ နှစ်ပေါင်းတစ်ထောင်စီရှည်ရန် လိုလားနှစ်သက်ကြသည်။ ထိုသို့အသက်ရှည်စွာ ရှင်သန်ခွင့်ရသည့် တိုင်အောင် (သူတို့သည်) ပြစ်ဒဏ်မှ ကင်းလွှတ်ညှာတာခွင့်ခံရမည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ပြုမူဆောင်ရွက်မှုမှန်သမျှကို အကြွင်းမဲ့ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။