Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 97 — Surah Al-Baqarah 2:97

သူတို့၏ရန်လို မုန်းတီးမှုသည်လည်း ထိုထက်မကပင် ပြင်းထန်လာလေ၏၊ အရှင်မြတ်မှ ကျမ်းမြတ်ကုန်အာန်အားဖြင့် လမ်းညွှန်ရန် ရွေးချယ်တော်မူခြင်းခံရသော တမန်တော်သည် သူတို့အနက်မှ မဟုတ်သောကြောင့် ဘဝင်မကျ ဖြစ်နေလေ၏။ (အို၊ ရစူလ်တမန်တော်၊ သူတို့အား ဟောပြောလော့။ (ကျမ်းတော်မြတ်ကုရ်အာန်သည်) ယုံကြည်သူတို့အတွက် လမ်းညွှန်တော်နှင့်သတင်းကောင်းဖြစ်ပြီး သူတို့လက်ဝယ်ရှိ ယခင်ချမှတ်ပေးအပ်ခြင်း ခံရသောအရာ (ကျမ်းစာ) ကိုလည်း မှန်၊ မမှန်အတည်ပြုပေးသည့်အရာ (ကုရ်အာန်) လည်းဖြစ်ရာ အလ္လာဟ် အရှင်မြတ်၏ခွင့်ပြုချက်ဖြင့် ယင်းကို အသင် (တမန်တော်မုဟမ္မဒ်) ၏နှလုံးသားထဲသို့ အသေအချာ ပို့ချပေးအပ်ခဲ့သော ဂျီဗ်ရီလ်အား ရန်မူသူမှာ မည်သူနည်း။