Back to Languages

Burmese - Chapter 2 - Al-Baqarah

Translation by Alin U Yin — Permalink

Verse 98 — Surah Al-Baqarah 2:98

မည်သူမဆို အလ္လာဟ်အရှင်မြတ်၊ အရှင့်မလာအီကာစေတမန်များ၊ အရှင့်ရစူလ်တမန်တော်များ၊ ဂျီဗ်ရီလ်နှင့်မီကာအီလ်တို့၏ရန်သူဖြစ်လျှင် (သို့မဟုတ် သူတို့ကို ရန်မူလျှင် သိထားသင့်သည်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည်လည်း မယုံကြည်သူ (အရှင့်စည်းမျဉ်းများကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့အတွက် ရန်သူပင် ဖြစ်တော်မူ၏။