Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 22 - Al-Hajj
Translation by Alin U Yin — Permalink
Verse 41 — Surah Al-Hajj 22:41
ယုံကြည်သူတို့သည် အကယ်၍ ငါအရှင်မြတ်က သူတို့အား ကမ္ဘာမြေဝယ် (အုပ်ချုပ်ရေးအခွင့်အာဏာ) ထူထောင်ခွင့်ပေးတော်မူလျှင် သူတို့သည် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းစည်းကမ်းများနှင့်အ ညီ မြဲမြံစွာ) ဆောက်တည်ကြသည့်အပြင် ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့ ဆင်းရဲ သူတို့အတွက် စွန့်လှူပေးကမ်းရသော လူမှုဖူလှုံကြေးကိုလည်း ပေးဆောင်ကြပေမည်။ ထို့ပြင် ကောင်းမြတ်မှု (နှင့်အ ကျင့်သီလကောင်း ဆောက်တည်နိုင်သည့် လမ်းကြောင်း) ဘက်သို့ ဖိတ်ခေါ်ပြီး (စည်းမျဉ်းစည်းကမ်းများအား ဖီဆန်ငြင်း ပယ်ခြင်းမှ ကာကွယ်နိုင်ရန်) မကောင်းမှု ပြုလုပ်ခြင်းအား တားမြစ်ပိတ် ပင်ရန် အမိန့်ပေးတိုက်တွန်းကြပေမည်။ အမှန်သော်ကား စီမံချက်အရေးကိစ္စ (အလုံးစုံ) တို့၏နောက်ဆုံးအကျိုးရလဒ်သည် (အရှင့်နိယာမတရား နှင့်အညီ) အလ္လာဟ်အရှင်မြတ်ထံတော်၌သာ ရှိ၏။