Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 24 - An-Nur
Translation by Alin U Yin — Permalink
Verse 53 — Surah An-Nur 24:53
(ထိုအယောင်ဆောင် ကြောင်သူတော်များက) အကယ်၍ အသင် (တမန်တော်) သည် သူတို့အား အမိန့် ပေးခဲ့လျှင် မုချဧကန်၊ သူတို့သည် (အိုးအိမ်စည်းစိမ်တို့ကို စွန့်၍) ထွက်ကြပါမည်။” ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အလေးအနက် ကျိန်ဆိုခဲ့ကြလေ၏။ (အို၊ ရစူတမန်တော်) အသင်သည် (သူတို့ကို အရှင်မြတ်အား တိုင်တည်၍) အလေးအနက် ကျိန်ဆိုခြင်းမပြုကြလေနှင့်။ (သင်တို့လုပ်သင့်သည်မှာ အမိန့်တော်ရောက်ရှိသောအခါ ကြွားဝါ၍ ကျိန်ဆိုခြင်းနှင့်ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ဘဲ အခြား ယုံကြည်သူများကဲ့သို့ပင် စိတ်ရင်းစေ တနာဖြူစင်စွာဖြင့်) အများသိပြီဖြစ်သော အမိန့်နာခံမှုသာ ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင့်ကြံဆောင်ရွက်သမျှနှင့်ပတ်သက်၍ သတင်း အချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော် မူသောအရှင် ဖြစ်တော်မူ၏။