Back to Languages

Burmese - Chapter 24 - An-Nur

Translation by Alin U Yin — Permalink

Verse 62 — Surah An-Nur 24:62

သက်ဝင်ယုံကြည်သူများသည်သာလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့နှင့်ပတ် သက်၍ (ဖြူစင်စွာ) သက်ဝင်ယုံကြည်ခဲ့ကြသည့်အပြင် စုပေါင်းဆောင်ရွက်အပ်သောကိစ္စ တစ်စုတစ်ရာအတွက် အရှင့်ရစူလ်တမန်တော်မြတ်နှင့်အတူ (အစည်းအဝေးများအစီစဉ်များနှင့်စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်လျက်) ရှိကြသောအခါ၊ ရစူလ်တမန်တော်မြတ်ထံတွင် ခွင့်တောင်းလေ့ရှိပြီး ခွင့်ပြုချက်မရသမျှ ကာလပတ်လုံး ထွက်မသွားကြပေ။ ဧကန်မလွဲ၊ အသင် (တမန်တော်) ထံ ခွင့်ပန်ကြားကြသော သူတို့သည်သာလျှင် အလ္လာဟ်အရှင်မြတ်နှင့်အရှင့် ရစူလ်တမန်တော်မြတ်တို့အား သက်ဝင်ယုံကြည်ကြ၏။ သို့ဖြစ်ပေရာ သူတို့သည် အသင့်ထံ သူတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စတစ်စုံတစ်ရာအတွက် ခွင့်ပန်ခဲ့ကြလျှင် အသင်သည် သူတို့အနက် (သင့်စည်းမျဉ်းနှင့်အညီ သင့်ဆန္ဒအရ) အလိုရှိသောသူအား ခွင့်ပြုပါလေ။ ထို့ပြင် အသင်သည် သူတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်၌ (အပြစ်မှ) ချမ်းသာခွင့်ရရှိရန် ဆုတောင်းပန်ကြားလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ် ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။