Back to Languages

Burmese - Chapter 25 - Al-Furqan

Translation by Alin U Yin — Permalink

Verse 49 — Surah Al-Furqan 25:49

ထိုသို့ သွန်းချပေးတော်မူခြင်းမှာ (အရှင့်ကရုဏာတော်ဖြစ်သည့်မိုးရေမှ မည်သူတစ်ဦးတစ်ယောက်၏ ခံစားခွင့်ကိုမျှ ပိတ်ပင်စေတော်မမူဘဲ) ငါအရှင်မြတ်သည် သက်မဲ့ပမာ သွေ့ခြောက်လျက်ရှိသော မြို့ရွာနယ်မြေဒေသများကို ထိုမိုးရေဖြင့် ရှင်သန်စေတော်မူရန်နှင့်ထိုမိုးရေကို စုပ်ယူ သောက်သုံး စေတော်မူလျက် (မြေကြီး အား) စိမ်းလန်းစိုပြည်စေတော်မူကာ ယင်းမြေမှ သက်ရှိမျိုးစုံကို ဖွဲ့စည်းဖြစ်တည် ရှင်သန်ပေါက်ပွားစေတော်မူခြင်းဖြင့် မြောက်မြားစွာသော (ကုလားအုတ်၊ ကျွဲ၊ နွား၊ အစရှိသည့်) တိရစ္ဆာန်များနှင့်လူတို့ (အတွက် စားစရာ သောက်စရာများ ဖြစ်စေတော်မူ၍ ယင်းတို့) ကို စားသောက်စေတော်မူ၏။