Back to Languages

Burmese - Chapter 28 - Al-Qasas

Translation by Alin U Yin — Permalink

Verse 56 — Surah Al-Qasas 28:56

ဧကန်ပင်၊ အသင် (တမန်တော်) သည် အသင်လိုလားနှစ်သက်သောသူအား တရားလမ်းမှန် ညွှန်ပြနိုင် သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် (တရား လမ်းမှန်ကို လိုလိုလားလား လက်ခံလိုစိတ်ရှိသောကြောင့်) တရားလမ်းမှန် ညွှန်ပြခြင်းခံကြမည့်သူဖြစ်ကြောင်းကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။