Back to Languages

Burmese - Chapter 30 - Ar-Rum

Translation by Alin U Yin — Permalink

Verse 39 — Surah Ar-Rum 30:39

စင်စစ်မှာမူကား သင်တို့သည် စွန့်လှူပေးကမ်းသမျှကို လူသားတို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများ၌ (သင်တို့၏ အကျိုးစီးပွား) တိုးပွားစေရန်မျှော်လင့်လျက် အတိုးအညွန့် (ခေါင်းပုံဖြတ်ခြင်းနှင့်မတရားအမြတ်ကြီး) စားလိုသော ရည်ရွယ်ချက်ဖြင့် ပေးကမ်းခြင်းမျိုးဖြစ်လျှင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (သင်တို့အတွက်) အလျှင်း တိုးပွားစေတော်မူသည် မဟုတ်ပေ။ စွန့်လှူပေးကမ်းသမျှကို အလ္လာဟ်အရှင်မြတ်က မျက်နှာသာပေးမှုကိုခံရရန် (အရှင့်ကျေနပ်နှစ်မြှို့မှုကို ရယူန်) ရှာဖွေလိုလျက် (အရှင်မြတ်ပေးအပ်တော်မူသော ပစ္စည်းဥစ္စာများကို သန့်စင်စေရန် တရားတော်အရ ဆင်းရဲချို့တဲ့သူတို့အတွက် ပေးကမ်းလှူဒါန်းရသော လူမှုဖူလုံကြေး) ဇကားသ်အဖြစ် ပေးကမ်းလျှင် ထိုသူတို့သည်ပင် ဆတက်ထမ်းပိုး တိုပွားစေခြင်းကို ရယူခံစားရမည့်သူများပင် ဖြစ်ကြ၏။