Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 57 — Surah Al-Ahzab 33:57

ဧကန်မလွဲ၊ (အရှင်မြတ်အား စကားအသုံးအနှုံးဖြင့် မလေးမစား၊ ဝေဖန်စော်ကား၍လည်းကောင်း၊ အရှင့် ရစူလ်တမန်တော်မြတ်အား စိတ်ဒုက္ခရောက်အောင် အစ္စလာမ့်တန်ဖိုးများနှင့်ဆန့်ကျင်၍ ပြုမူပြော ဆိုခြင်းဖြင့်လည်းကောင်း၊) အလ္လာဟ်အရှင်မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား ပမာမခန့်ပြုသူတို့သည် လောကီဘဝသက်တမ်း၌ အလ္လာဟ်အရှင်မြတ်၏ကရုဏာတော်မှကင်းဝေးစေတော်မူသည့် ကျိန် ဆဲမှုကို ခံကြရမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင်လည်း သူတို့အတွက် အရှက်ရ ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ကို အသင့်ပြင်ဆင် ထားရှိတော်မူ၏။