Back to Languages

Burmese - Chapter 33 - Al-Ahzab

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Ahzab 33:7

ထို့ပြင် (အို၊ ရစူလ်တမန်တော်၊ သတိရပါလော့။) ငါအရှင်မြတ်သည် နဗီတမန်တော်တို့နှင့်အသင့် ထံမှလည်းကောင်း၊ (တမန်တော်) နူးဟ်၊ (တမန်တော်) အီဗ်ရာဟီးမ်၊ (တမန်တော်) မူဆာနှင့်မရ်ယမ်၏သား (တ မန်တော်) အီစာ တို့ထံမှလည်းကောင်း၊ ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့စဉ် ငါအရှင်မြတ်သည် သူတို့ထံမှ တည်ကြည်လေးနက်ပြီးခိုင်မာသော ပဋိညာဉ်ကတိဝန်ခံချက်ကို ယူတော်မူခဲ့ခြင်း ဖြစ်၏။