Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 45 - Al-Jathiyah
Translation by Alin U Yin — Permalink
Verse 24 — Surah Al-Jathiyah 45:24
ထို့ပြင် သူတို့က အသက်ရှင်ခြင်းဟူသည် လောကီဘဝသက်တမ်း၌ အသက်ရှင်ခြင်းသာ ဖြစ်ပြီး ကျွန်ုပ်တို့သည် (တစ်သက်မှာ တစ်ကြိမ်သာ) ကွယ်လွန်သေဆုံးကြ၍ (တစ်ကြိမ်သာလျှင်) အသက်ရှင်ကြသည်ဖြစ်ရာ ကျွန်ုပ်တို့အား အချိန်ကာလမှအပ (အခြားမည်သည့် အရာကမျှ) ဆုတ်ယုတ်တိမ်ကော ပျက်စီးစေသည်မဟုတ်။” ဟု ပြောဆိုကြ၏။ အမှန်စင်စစ် ထိုအခြေအနေ (ဘဝ၏စစ်မှန်သော အဓိပ္ပါယ်) နှင့်စပ်လျဉ်း၍ သူတို့၌ မည်သည့် (တပ်အပ်သေချာသော) အသိပညာမျှပင် မရှိဘဲ သူတို့သည် (ထင်ရာမြင်ရာကို စိတ်ကူးယဉ်ဖြင့်) မှန်းဆပြောဆို နေကြသည်သာ ဖြစ်သည်။