Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 17 — Surah Al-Fath 48:17

(သို့ရာတွင်) မျက်မမြင်များ၏အပေါ်၌လည်းကောင်း၊ မသန်မစွမ်းသောသူများအပေါ်၌လည်းကောင်း၊ မမာမကျန်း ဖြစ်နေသောသူများအပေါ်၌လည်းကောင်း၊ (စစ်ပွဲမှ ရှောင်နေခြင်း၌ မည်သို့မျှ) အပြစ်မထိုက်ချေ။ ထိုနည်းတူစွာ ဝေဒနာရှင်၏အပေါ်၌လည်း အပြစ်တစ်စုံ တစ်ရာမျှမရှိချေ။ မည်သူမဆို အလ္လာဟ်အရှင် မြတ်နှင့်အရှင့်ရစူလ်တမန်တော်တို့အား နာခံလိုက်နာကြလျှင် သူသည် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များသို့ ဝင်ခွင့်ရကြမည် ဖြစ်သော်လည်း မည်သူမဆို (အမိန့်တော်ကို လိုက်နာ ခြင်းမရှိဘဲ) မျက်နှာလွှဲကျောခိုင်းသည်ရှိသော် ထိုအရှင်မြတ်သည် သူ့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်။