Back to Languages

Burmese - Chapter 59 - Al-Hashr

Translation by Alin U Yin — Permalink

Verse 10 — Surah Al-Hashr 59:10

ထို့ပြင် သူတို့၏နောက်တွင် (သူတို့၏ဖဝါးခြေထပ်ထက်ကြပ်မကွာ လိုက်နာကြလျက်) ရောက်လာခဲ့ကြ သောသူတို့က “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ကျွန်ုပ်တို့အားလည်းကောင်း၊ ယုံကြည်မှုတွင် ကျွန်ုပ်တို့ထက် ဦး၍ ရှေ့ရောက်ခဲ့ကြသော ကျွန်ုပ်တို့၏ နောင်တော်တို့အားလည်းကောင်း၊ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့၏စိတ်နှလုံးတွင်းဝယ် သက်ဝင်ယုံကြည်သူတို့နှင့်ပတ်သက်၍ မည်သည့် မကြည်ဖြူသော အမျက်သို ငြူစူခြင်းကိုမျှ ဖြစ်ပေါ်စေတော်မမူပါနှင့်။ အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၊ ဧကန်ပင်၊ အသင်အရှင်မြတ်သည် (လူသားတို့၏ဒုက္ခအခက်အခဲများကို ဖယ်ရှားလွယ်ကူစေရာတွင်) အလွန်ပင် ညှာတာတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားကြင်နာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။ “ဟု ​ပြောဆိုဆုတောင်းခဲကြ၏။