Back to Languages

Burmese - Chapter 6 - Al-Anam

Translation by Alin U Yin — Permalink

Verse 100 — Surah Al-Anam 6:100

အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်ဂျင်န် (အပါအဝင်အရာခပ်သိမ်း) တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ပင်ဖြစ်သော်လည်း သူတို့သည် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ဂျင်န်ကို ကိုးကွယ်ရာအဖြစ် ပြုလုပ်ကြသည်။ ထို့ပြင် အရှင်မြတ်နှင့်စပ်လျဉ်း၍ အသိတရားကင်းမဲ့ကြလျက် အရှင့်အတွက် သားသမီးများကို မှားယွင်းစွာ ကြံစည်ဖန်တီးခဲ့ကြသည်။ ထိုအရှင်မြတ်သည် အတုမဲ့ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိတို့၏အရည်အသွေး များကို ဖြစ်တည်စေတော်မူသောအရှင် ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူကြောင်းနှင့်သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။ ထိုမျှမက ထိုအရှင်သည် လူသားတို့၏ဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင် အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ် လှပေ၏။