Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 6 - Al-Anam
Translation by Alin U Yin — Permalink
Verse 43 — Surah Al-Anam 6:43
သို့ဖြစ်ရာ ငါအရှင်မြတ်၏စမ်းသပ်မှုအဖြစ် ဆင်းရဲကျပ်တည်းမှုရောက်သည့်တိုင် အဘယ်ကြောင့် သူတို့က မကျိုးနွံနိုင်ကြသနည်း။ (ဆင်းရဲဒုက္ခ၊ အကျပ်အတည်း၊ အခက်အခဲများသည် လူ့သဘော သဘာဝအရ လူသားကို နူးညံ့သိမ်မွေ့စေ၏။) သို့သော် သူတို့၏နှလုံးသားများမှာမူ ဆက်လက်၍ ခက်ထန်မာကျောလက်ရှိပြီး စေတန်မကောင်းဆိုးဝါးက သူတို့၏ထိုပြုမူဆောင်ရွက်ချက်များကို (သူတို့၏အမြင်၌ အမှန်ဆုံး၊ အကောင်းဆုံးဟု ထင်မြင်ကြစေရန်) ဆွဲဆောင် မက်မောနှစ်သက်စရာအဖြစ် တန်ဆာဆင်ထားလေ၏။