Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 62 - Al-Jumuah
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Jumuah 62:10
ထို့နောက် ဆွလာသ်ဝတ်ပြုမှု (ကို ယင်း၏စည်းမျဉ်းများနှင့်အညီ ဆောက်တည်မြဲ) ခြင်းအား အပြီးသတ် ပြီးဆုံးလေသောအခါ သင်တို့သည် မြေကမ္ဘာ၌ နေရာအနှံ့ သွားလာလှုပ်ရှားလျက် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ (ဖြစ်သည့် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများ၊ စွမ်းရည်များ၊ စွမ်းအင်များ နှင့်အရှင့်နိယာမတရားများမှ ရိက္ခာအထောက်အပံ့များ) ကို ရှာဖွေရယူကြလော့။ ထို့ပြင် သင်တို့သည် ပေါက် မြောက်အောင်မြင်ရရှိနိုင်ကြရန်အလို့ငှာ အလ္လာဟ်အရှင်မြတ်အား မြောက်မြားစွာ သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟကြလော့။