Back to Languages

Burmese - Chapter 62 - Al-Jumuah

Translation by Alin U Yin — Permalink

Verse 11 — Surah Al-Jumuah 62:11

စင်စစ်သော်ကား (ဖြစ်လေ့ဖြစ်ထ ရှိကြသည်မှာ) သူတို့သည် လောကီအကျိုးခံစားခွင့်နှင့်ရပိုင်ခွင့်များကို ရယူခံစားနိုင်သော ကုန်သွယ်စီးပွားရောင်းဝယ်မှု သို့တည်းမဟုတ် ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများကို တွေ့မြင်ကြသည့်အခါ (ကတိုက်ကရိုက် ဆင်ကန်းတောတိုးသကဲ့သို့) အပြေးအလွှားသွားကြလျက် အသင် (တမန်တော်) အား တစ်ဦးတည်း ရပ်တည်နေသူ (တရားဟောနေသူ) အဖြစ် ချန်ထားခဲ့ကြလေ၏။ (အို၊ ရစူလ် တမန်တော်၊ သူတို့အား) “အလ္လာဟ်အရှင်မြတ်ထံတော်၌ရှိသောအရာသည် (သူတို့၏) ကုန်သွယ်စီးပွားရောင်း ဝယ်မှုထက်လည်းကောင်း၊ ကစားခုန်စားမှုနှင့်ပျော်ရွှင်ဖြေဖျော်စရာများထက်လည်းကောင်း ပိုမို၍ ကောင်းမြတ်လှပေ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကောင်းမြတ်ဆုံးသောရိက္ခာအထောက်အပံ့များကို ချီးမြှင့်ပေးအပ်တော်မူသည့် အရှင်မြတ်ပင် ဖြစ်တော်မူ၏။