Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 62 - Al-Jumuah
Translation by Alin U Yin — Permalink
Verse 2 — Surah Al-Jumuah 62:2
အရှင်မြတ်သည်ပင် သူတို့ရှေ့ဝယ် ထိုအရှင်မြတ်၏အာယသ်သကသေလက္ခဏာတော်များကို ဖတ်ကြား သွန်သင်ပြီး (ရုပ်နာမ်ဆိုင်ရာ မှားယွင်းသော ယုံကြည်မှု၊ လမ်းစဥ်၊ အတွေးအခေါ်နှင့်အယူအဆတို့မှ) စင်ကြယ်သန့်ရှင်းစေသည့်အပြင် ကျမ်းတော်နှင့်ဥာဏ်အမြော်မြင်သင်ကြားပို့ချစေတော်မူရန် (အရှင်မြတ်မှလွဲ၍ မည်သူ တစ်ဦးတစ်ယောက်ထံကမှ အရေးအဖတ်နှင့်) စာပေအတတ်ပညာကို မသင်ယူခဲ့ဖူးသောပုဂ္ဂိုလ်များအနက်မှ အရှင့်သတင်းတော်ဆောင်ရစူလ်တမန်တော်တစ်ပါးကို ပွင့်ပေါ်စေလွှတ်တော်မူခဲ့၏။ အမှန်စင်စစ်၊ သူတို့သည် ယခင်က ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေခဲ့ကြ ၏။