Back to Languages

Burmese - Chapter 62 - Al-Jumuah

Translation by Alin U Yin — Permalink

Verse 5 — Surah Al-Jumuah 62:5

တောင်ရာတ်ကျမ်းတော်နှင့်စပ်လျဉ်း၍ တာဝန်အပ်နှံခြင်းခံခဲ့ကြရပြီးနောက် ယင်းကျမ်းတော်ဆိုင်ရာ (တာဝန်များကို ဘဝဆောက်တည်ရာ၌ ကျင့်သုံးခြင်းမရှိဘဲ ကျေပွန်စွာ) ထမ်းဆောင်ခြင်းမရှိခဲ့ကြသော သူတို့၏ဥပမာသည်ကား (ဝန်ထုပ်ဝန်ပိုးများကိုသာ ထမ်းရွက်ပြီး ထိုဝန်ထုပ်နှင့်စပ်လျဥ်း၍ နားလည်နိုင်စွမ်းမရှိသော) ကျမ်းစာအုပ်များကို တင်ဆောင်လျက်ရှိသော မြည်းသတ္တဝါနှင့်အလားသဏ္ဌန်တူ၏။ အလ္လာဟ်အရှင်မြတ်၏အာ ယသ်သက်သေလက္ခဏာတော်များကို မဟုတ်မတရား မမှန်မကန် လိမ်လည်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ထိုလူမျိုးတို့၏ဥပမာသည်ကား လွန်စွာပင် ယုတ်ညံ့ဆိုးဝါး လှပေ၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသော လူမျိုးတို့အား တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။