Back to Languages

Burmese - Chapter 62 - Al-Jumuah

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Jumuah 62:7

သို့ရာတွင် သူတို့သည် သူတို့၏လက်များဖြင့် (ပြုမူကျင့်ကြံ၍ နောင်တမလွန်၌ အရေးယူခံကြရရန်) ကြိုတင်ပို့နှင့်ခဲ့သောကျင့်ဆောင်မှုတို့ကြောင့် ယင်းမရဏသေခြင်းတရားကို မည်သည့်အခါမျှပင် (ဆန္ဒပြင်းပြလျက်) လိုလားတောင့်တကြမည် မဟုတ်ပေ။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့နှင့်ပတ်သက်၍ (အသေးစိတ်အချက်အလက်များကို အကြွင်းမဲ့) သိနေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။