Back to Languages

Burmese - Chapter 62 - Al-Jumuah

Translation by Alin U Yin — Permalink

Verse 8 — Surah Al-Jumuah 62:8

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ဧကန်ပင်၊ သင်တို့သည် ယင်း (သေခြင်းတရား) မှ တွက်ပြေးတိမ်း ရှောင်လိုသော်လည်း သေခြင်းတရားဟူသည် သင်တို့က ဧကန်မုချပင် ရင်ဆိုင်ကြုံတွေ့ရမည့်အရာပင် ဖြစ်၏။ ထို့နောက် သင်တို့အား “မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်နှင့်လူသားတို့၏ပြုမူဆောင်ရွက်ချက်အလုံးစုံအတွက် မျက်မြင်သက်သေဖြစ်တော်မူသော အရှင်မြတ်၏ထံတော်သို့ ပြန်လည်ရောက် ရှိစေတော်မူပြီး သင်တို့လောကီဘဝ၌ပြုမူကျင့်ကြံခဲ့သမျှနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အသေးစိတ်ကို (သင်တို့အား) ထုတ်ဖော်မိန့်ကြားတော်မူ၍ (စစ်ဆေးစီရင်တော်မူမည်ဖြစ်ကြောင်း) သိစေတော်မူလိမ့်မည်။” ဟု ဟောကြားလော့။