Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 63 - Al-Munafiqun
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Munafiqun 63:1
အယောင်ဆောင်သီလကြောင်တို့သည် အသင် (တမန်တော်) ထံရောက်လာကြသောအခါ “မုချဧကန်၊ အသင်သည် အလ္လာဟ်အရှင်မြတ်၏သတင်းတော်ဆောင် ရစူလ်တမန်တော်ဖြစ်ကြောင်း ကျွန်ုပ်တို့ အလေးအနက် သက်သေခံကြပါ၏။” ဟု ပြောဆိုခဲ့ကြ၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်က ထိုအရှင် မြတ်၏ရစူလ်တမန်ဖြစ်ကြောင်း ကောင်းစွာ သိနေတော်မူ၏။ ထို့ပြင် ဧကန်မလွဲ၊ အယောင်ဆောင်သီလ ကြောင် တို့သည် (မယုံကြည်မှုကို ရင်တွင်း၌ ထိန်ချန်လျှို့ဝှက်ထားလျက် အပေါ်ယံအားဖြင့် မွတ်စလင်များဖြစ်သည်။” ဟု လိမ်ညာနေသော) မုသာဝါဒီများ ဖြစ်ကြောင်း သက်သေဖြစ်တော်မူ၏။