Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 63 - Al-Munafiqun
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Munafiqun 63:10
ထို့ပြင် သေခြင်းတရားသည် သင်တို့အနက်မှ တစ်ဦးတစ်ယောက်ထံသို့ ဆိုက်ရောက်မလာမီပင် သင်တို့သည် သင်တို့အား ငါအရှင်မြတ် ချီးမြှင့်ပေးအပ်တော်မူသည့် ရိက္ခာအထောက်အပံ့များအနက်မှ (ချို့တဲ့ ဆင်းရဲသူတို့အတွက် တရားတော်နှင့်အညီ စွန့်ကြဲပေးကမ်း) သုံးစွဲလှူဒါန်းကြလော့။ (မရဏသေခြင်းတရား ဆိုက်ရောက်လာသောအခါ) ထိုသူက “အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အား အဘယ်ကြောင့် (သတ်မှတ်ပြဌာန်းချိန်ထက်) အချိန်ကာလအနည်းငယ် ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ (ထိုသို့ခေတ္တရွှေ့ဆိုင်းခွင့်ပေးတော်မူခဲ့လျှင်) ကျွန်ုပ်သည် အလှူဒါနပြုသည့်အပြင် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများ သီလဆောက်တည်၍ ပြုပြင်သူတို့အနက်မှ ဖြစ်ခဲ့လိမ့်မည်။"" ဟု ညည်းညူလျှောက်ထားပေမည်။