Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 63 - Al-Munafiqun
Translation by Alin U Yin — Permalink
Verse 11 — Surah Al-Munafiqun 63:11
သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မည်သည့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အညီဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒနှင့်အညီဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုမျှ သတ်မှတ်ပြဋ္ဌာန်းပြီး ဖြစ်သောအချိန်ကာလ ဆိုက်ရောက်လာလျှင် မည်သည့်နည်းနှင့်မျှ ခေတ္တရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူမည် မဟုတ်ပေ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (သင်တို့ ပြုမူကျင်ကြံဆောင်ရွက် သမျှနှင့်ပတ်သက်၍ သတင်းအချက်အလက်အသေးစိတ်ကို) အကြွင်းမဲ့ သတင်းရတော်မူသောအရှင် ဖြစ်တော်မူ၏။