Back to Languages

Burmese - Chapter 63 - Al-Munafiqun

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Munafiqun 63:4

ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင်သည် သူတို့အား တွေ့မြင်သောအခါ သူတို့၏အပြင်ပန်း အပေါ်ယံ ပုံပန်းသဏ္ဌာန်များသည် အသင့်ကို အံ့ဖွယ်ကောင်းအောင် အားရကျေနပ်စေပြီး အကယ်၍ သူတို့သည် စကား စမည်ပြောဆိုကြလျှင် (ယင်းကိုယ်တိုင်ရပ်တည်နိုင်စွမ်းမရှိဘဲ) ဒေါက်ထောက်ပေး၍ မှီနေရသော (အနစ်သာရမဲ့ ခေါင်းပွ) သစ်သားတုံးကဲ့သို့ ဖြစ်သော်လည်း (သူတို့၏အပြောအဆို ပြောပုံဆိုပုံ အနေအထားများမှာမူ အလွန် ဆွဲဆောင်ဖွယ်ကောင်းလျက်) အသင်သည် သူတို့၏စကားကို (စိတ်ဝင်စားစွာ) နားထောင်ပေလိမ့်မည်။ သူတို့သည် (သူတို့၏သစ္စာဖောက်စိတ်ဓါတ်ကြောင့် သူတို့၏စိတ်နှလုံး၌) စကားပြောဆိုသံတိုင်းကို သူတို့အား ဟစ်အော်သံ (အဖြစ်သာ တွက်ချက်) ထင်မှတ်နေကြပြီး (သူတို့ကိုယ်တိုင်က) ရန်သူများအဖြစ် သဘောထား ကြောင့် သူတို့အား သထိထားကြလော့။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (ပျက်စီးကိန်းနှင့်ကြုံရန် သတ်မှတ်တော်မူ၍) ဖျက်ဆီးစေတော်မူပါစေ။ သူတို့သည် (အမှန်တရားမှ လှည့်စားခြင်းခံရရန် မကောင်း သောကြံမှု ဖြင့်) အဘယ်သို့ မျက်နှာလွဲ၍ ကျောခိုင်းလျက် ထွက်သွားကြသနည်း။