Back to Languages

Burmese - Chapter 63 - Al-Munafiqun

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Munafiqun 63:6

(သူတို့သည် အာခံဖီဆန်သော သစ္စာဖောက်များဖြစ်၍) အလ္လာဟ်အရှင်မြတ်သည် သူတို့အား မည်သည့်အခါမျှ ခွင့်လွတ်တော်မူမည်မဟုတ်သောကြောင့် အသင် (တမန်တော်) သည် သူတို့အတွက် (အရှင်မြတ်ထံ) လွတ်ငြိမ်းခွင့်ပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် လွတ်ငြိမ်းခွင့် မပန်ကြားသည်ဖြစ်စေ၊ သူတို့အတွက် (အကြောင်း ထူးမည်မဟုတ်ဘဲ) အတူတူပင် ဖြစ်လိမ့်မည်။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်တော်စည်းဘောင်များကို ကျူးလွန်ချိုးဖောက်၍ အာခံဖီဆန်သော ယုတ်မာသည့်လူမျိုးတို့အား (အမှန်တရားမှ အလှမ်းဝေးကွာစေတော်မူပြီး) တရားလမ်းမှန် ညွှန်ပြတော်မူသည် မဟုတ်ပေ။