Back to Languages

Burmese - Chapter 63 - Al-Munafiqun

Translation by Alin U Yin — Permalink

Verse 7 — Surah Al-Munafiqun 63:7

သူတို့သည်ပင် (သူတို့၏ရဲဘော်ရဲဖက်အပေါင်းအဖော်တို့အား) “သင်တို့သည် ရစူလ်တမန်တော်မြတ်၏ ထံတော်ပါး၌ရှိနေကြသော (အရှင့်ကျေနပ်နှစ်မြို့အတွက် အချိန်ပြည့် နာခံအပ်နှံ၍ ဆင်းရဲစွာ နေထိုင်ကြသည့် ယုံကြည်သူများဖြစ်ကြသော) သူတို့က (ငတ်မွတ်မှုဒဏ်ကြောင့်) ကစဉ့်ကလျား ဖြစ်လျက် (တမန်တော်မြတ် ထံမှ) ထွက်သွားကြသည်အထိ သူတို့အပေါ်၌ ပေးကမ်းသုံးစွဲခြင်းကို မပြုကြလေနှင့်။” ဟု တိုက်တွန်းနှိုးဆော် ခဲ့ကြ၏။ အမှန်စင်စစ် မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ရှိသော ဥစ္စာဓနရတနာသိုက်များနှင့်ဘဏ္ဍာတော်များ သည် အလ္လာဟ်အရှင်မြတ် (က ဖွဲ့စည်းဖြစ်ပေါ်စေတော်မူသောအရာများဖြစ် အရှင့်စည်းမျဥ်းတော်နှင်အညီ သုံးစွဲရန်) အတွက်သာ ဖြစ်၏။ သို့ရာတွင် အယောင်ဆောင်သီလကြောင်တို့သည်ကား သိနားလည်ကြသည် မဟုတ်ပေ။