Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 63 - Al-Munafiqun
Translation by Alin U Yin — Permalink
Verse 8 — Surah Al-Munafiqun 63:8
သူတို့က “ကျွန်ုပ်တို့သည် မဒီနာမြို့သို့ ပြန်သွားကြလျှင် ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာ ပိုမို၍ ပိုင်ဆိုင်သူတို့က ဂုဏ်အဆင့်အတန်းနှင့်သြဇာအာဏာမဲ့သူတို့ကို ထိုမြို့မှ ဧကန်မုချ၊ နှင်ထုတ်ကြပေမည်။” ဟု ပြောဆိုခဲ့ကြ၏။ စင်စစ်မူကား ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့်သြဇာအာဏာဟူသည် အလ္လာဟ်အရှင်မြတ်နှင့်သာလည်းကောင်း၊ (အရှင့်အမိန့်တော်အတိုင်း နာခံအပ်နှံသော) အရှင့်ရစူလ်တမန်တော်မြတ်နှင့်လည်းကောင်း၊ (အရှင်မြတ်၏အမိန့်တော်များနှင့်တမန်တော်မြတ်လမ်းစဥ်အတိုင်း နာခံလိုက်နာကြသော) သက်ဝင် ယုံကြည်သူတို့နှင့်လည်းကောင်း၊ ထိုက်တန်သော်လည်း အယောင်ဆောင်သီလကြောင်တို့သည်ကား (ထိုအမှန် တရားကို) သိရှိကြသည် မဟုတ်ပေ။